Tannins in Wine

home / wine knowledge / Tannins in Wine

(English Version Below)
ဝိုင်ချစ်သူတို့ရေ
ဝိုင်ထဲမှာ ပါဝင်တဲ့ Tannin ဆိုတာဘာလဲ?
ဝိုင်သောက်လိုက်ရင် အနည်းငယ်ဖန်တဲ့အရသာလေးကို အားလုံး ခံစားဖူးမှာပါ။ အဲ့ဒီ အရသာကို ကျွန်တော်တို့ ဝိုင်သောက်လိုက်တိုင်း လျှာပေါ်မှာ ခံစားရပါတယ်။ အထူးသဖြင့် ဝိုင်နီတွေမှာ ပိုသိသာစွာ ခံစားရပါတယ်။ အဲ့ဒီ အဖန်ဓာတ်လေးကို ဘယ်ကနေ ရတာဖြစ်မလဲ?
အဲ့ဒီ Tannin ဓာတ်ကို ဝိုင်စပျစ်သီးရဲ့ အခွံ၊ စပျစ်သီး အသားနဲ့ စပျစ်သီး အစေ့ တို့ ပေါင်းစပ်ပြီး ရတာဖြစ်ပါတယ်။ Tannin မှာ တစ်နည်းအားဖြင့် Polyphenols လို့ခေါ်တဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ Polyphenols က အစာချေစနစ်ကို ကောင်းမွန်စေသလို၊ ဆီးချို ရောဂါ နဲ့ ဝိတ် အတက် အကျ တွေကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဝိုင်ရဲ့ Tannin ဓာတ်ဟာ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။
ဝိုင်သောက်လိုက်တဲ့အခါမှာ ခံစားရတဲ့ Tannin ဓာတ် ပြင်းတာနဲ့ ပျော့တာ ကတော့ ဝိုင်ထုတ်လုပ်တဲ့အချိန်မှာ ဝိုင်စပျစ်သီးအခွံနဲ့ ဝိုင်စပျစ်ရည် ထိတွေ့မှုပေါ်မူတည်ပါတယ်။ ဥပမာ Red Wine ထုတ်လုပ်တဲ့အခါမှာ Winemaker က Red Wine ရဲ့ အရောင်ကို ပိုရင့်စေချင်တဲ့အတွက် ဝိုင်စပျစ်ရည်ထဲမှာ ဝိုင်စပျစ်သီး အခွံကို အချိန်ကြာကြာပေါင်းထားလိုက်ပါတယ်။ လိုချင်တဲ့ ဝိုင်အရောင်ရပြီဆိုမှ ဝိုင်စပျစ်သီးခွံကို ဖယ်ထုတ်လိုက်တာပါ။ ဒါကြောင့် Red Wine ကို သောက်လိုက်ရင် White Wine ထက် အဖန်ဓာတ်ပိုများတာကို တွေ့ရပါတယ်။
နောက်တစ်ခုကတော့ ဝိုင်ထဲမှာပါဝင်တဲ့ Tannin ဓာတ်ရဲ့ကောင်းကျိုးက ဘာနဲ့ တူလဲဆိုရင် dark chocolate နဲ့ strong black tea တို့မှာ ပါဝင်တဲ့ Antioxidants ဓာတ်တွေနဲ့ တူပါတယ်။ ဒါကြောင့် Tannin ဓာတ်ပိုပါဝင်တဲ့ ဝိုင်နီကို သောက်မယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ကောင်းစေသလို၊ ဝိုင်ချစ်သူတို့အနေနဲ့လည်း ပိုကြိုက်မှာ အသေချာပါပဲ…

(English Version)
What Is A Tannin?
You experience the effect of tannin any time you drink a wine that creates a drying sensation in your mouth. Especially you will feel the tannin taste in red wines.
Tannins are naturally occurring compounds that exist inside grape skins, seeds and stems. The scientific word for these compounds is polyphenols. Polyphenols release from the skins, seeds and stems when they soak in the grape juice just after the grapes have been pressed.
What makes a wine have strong or weak tannin depends on how long the juice sits with the grape skins, seeds and stems after the grapes have been pressed. The longer the skins, seeds and stems soak in the juice, the more tannin characteristics they will impart. This explains why red wines have stronger tannin than white wines. When producing a red wine, the winemaker wants the skins to impart more color, thereby adding more tannin to the juice. Further, by extracting the characteristics of tannin, they are able to add deeper complexity to the wine.
The effect of tannin are similar such as dark chocolate and strong black tea which produces similar tannin. Don’t forget that drinking red wine can get health benefits for your body.

CONTACT US NOW!

Translate »